ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုင်းတုံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရေးဆွဲနည်းနှင့်AVIP သင်တန်း ဖွင့်လှစ်

Date : 17 July 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဝင် ကျေးရွာ ၁၀ ရွာ မှ ကော်တီဝင်များအား ကေျးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲနည်း သင်တန်း နှင့် AVIP သင်တန်းကို ဇူလိုင် ၁၅ရက်တွင် အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

          သင်တန်းတွင် မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး စီမံကိန်း တာဝန်ခံနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများ၊ စီမံကိန်းရေးဆွဲနည်းသင်ခန်းစာများ ကို သင်ကြားပို့ချသည်။

          အဆိုပါသင်တန်းသို့ မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ့်ယွန်းကျေးရွာ၊ကြယ်ပဲကျေးရွာ၊ကုန်းဆာကျေးရွာ၊ ဂေါ်တောကျေးရွာ၊ပိန်းမုံကျေးရွာ၊ဟွေရှဲန်လုံကျေးရွာ၊နောင်ယာဆိုင်းကျေးရွာနှင့်လုပါခိုင်ကျေးရွာတို့ မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းတွင် စီမံချက်ရေးဆွဲနည်း နှစ်စဉ်ရန်ပုံငွေသုံးစွဲခြင်းအစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ (၄)ရက် ကြာသင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။

အခြားသတင်းများ