သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှ စီမံကိန်းလုပ်ငန်းများရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Date : 15 July 2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများတွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော် ဆောင် ရွက်မည့် ကျေးရွာများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့က သာယာဝတီခရိုင်၊ ဆရာစံခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများမှလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးမှ အဖွင့် အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဦးလှမိုးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ(၉၉)ရွာ၊ ငွေကျပ်(၉၉၀)သန်းအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကျေးရွာ(၁၆)ရွာ၊ငွေကျပ်(၂၁၀)သန်းအားလည်းကောင်း၊ အသေးစားနှင့်စက်မှုလက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၂)ရွာ၊ ငွေကျပ်(၆၀)သန်းအားလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ Cash for Workစီမံကိန်းကျေးရွာ(၈)ရွာ၊ ငွေကျပ်(၈၀)သန်းအားလည်းကောင်း စုစုပေါင်းကျေးရွာ(၁၂၅)ရွာအတွက် ငွေကျပ်(၁၃၄၀)သန်းအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးလှမိုးမှ ဆွေးနွေးစကားပြောကြားရာတွင် ကျေးရွာများမှ ဆောင် ရွက်လိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများရှိပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့တင်ပြ၍ ချိတ်ဆက် ဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး ကျေးရွာများကိုယ်စား တက်ရောက်လာသူကျေးရွာကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။အခမ်းအနားသို့သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်ဌာနဆိုင်ရာအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့်စီမံကိန်းဆောင်ရွက်မည့်ကျေးရွာကော်မတီဝင်(၅၀)ဦးစုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက် ခဲ့ကြောင်း သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသတင်းရရှိပါသည်။



