ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

Date : 10 July 2022

ရွှေကျင်မြို့နယ်ကျောက်တန်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီ ဖွဲ့စည်း ခြင်း ပြုလုပ်

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် VDPစီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကျောက်တန်း ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

            ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းမင်းသိမ်းက VDPစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကိုချပြရှင်းလင်းခဲ့ပါသည်။

            ထို့နောက်ဒုတိယဦးစီးမှူး ဒေါ်လွင်ပိုပိုသိန်းက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ရပ်မိ၊ရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းနှင့်ပက်သက်သည့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းသိရှိရပါသည်။

            အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကျေးရွာရှိ အခြေခံအဆောက် အအုံများဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျေးရွာသူ၊ကျေးရွာသားများ စုပေါင်းညှိနှိုင်းဆောင်ရွက်တက်သည့် အလေ့ အကျင့်ကောင်းများရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

 

 

 

အခြားသတင်းများ