ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲနည်း (AVIP) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခြင်း
Date : 08 July 2022
ရက်စွဲ၊ ၂.၇.၂၀၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ခံများက သင်တန်းတွင် ပို့ချမည့် သင်ခန်းစာဘာသာရပ်များ၊ ကျေးရွာရှိကဏ္ဍအသီးသီး၏ လက်ရှိဖွံ့ဖြိုးရေးအခြေအနေများ စီမံကိန်းရန်ပုံငွေသုံးစွဲနည်း အစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများ ကျေးရွာအဆင့်ခေါင်းဆောင်မှု သင်ခန်းစာများကို ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ သင်တန်းကို ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၂) ရွာမှ တစ်ရွာလျှင် သင်တန်းသား (၂)ဦးနှုန်းဖြင့် သင်တန်းသား (၂၄)ဦး တက်ရောက်ကြောင်း သိရသည်။
မင်းမြင့်မိုရ် ( ကျေးလက်)

