ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခြင်း

Date : 20 July 2022

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် သရက်ချောင်းမြို့နယ်၊ ပန်းချီရှောင်ကျေးရွာအုပ်စု၊ ပန်းချီရှောင်ကျေးရွာ၏ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် ရွေးချယ်ထားသော လုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းလမ်းအား မြေသားလမ်းခင်းခြင်းနှင့် ရေပြွန်တည်ဆောက်လုပ်ငန်းအတွက် ရရှိသည့်ရန်ပုံငွေနှင့် လုပ်ငန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစတင်သည့်အချိန်တွင်လည်း သတ်မှတ်ကာလအတွင်း အချိန်မီလုပ်ငန်းပြီးစီးနိုင်ရေးနှင့် စည်းစည်းလုံးလုံးဆောင်ရွက်စေရေးတို့အတွက် စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်နေရာအား သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော်ဦးဆောင်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ပူးပေါင်းကြည့်ရှူ့ခဲ့ပါသည်။

အခြားသတင်းများ