ပေါင်မြို့နယ် အလှပ်မြောက်ပိုင်းကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း
Date : 14 July 2022
မွန်ပြည်နယ် ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလှပ်မြောက်ပိုင်းကျေးရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာဖွံ့ဖြိုး ရေးကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင် ၅ရက် နံနက် ၉ နာရီကအဆိုပါကျေးရွာဘုန်းတော်ကြီး ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးမှူး ဦးကျော်ကျော်လတ်က ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရည် ရွယ်ချက်များ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ရာတွင် လိုက်နာရမည်အချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းများတွင်လိုက်နာရ မည်စည်းကမ်းချက်များကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉပဒေပါ ကျေးရွာသူ၊ကျေးရွာသား များ၏ရပိုင်ခွင့်နှင့်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကိုရှင်းလင်းပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသောရပ်မိ၊ရပ်ဖများ ကျေးရွာသူ၊ကျေးရွာသားများကဦး စားပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များရှင်းလင်းပြောကြားပြီ၊ကျေးရွာနေပြည်သူများ၏အများ သဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကိုမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် အလှပ်မြောက်ပိုင်းကျေးရွာအပါအဝင်ရွာသစ် ရဲပြားကုန်း၊သဲဖြူကုန်း၊လက်ပံတော၊ကော့ကရင်၊ရွာတန်းရှည်၊ဖြူဘကျေးရွာ ရှစ်ရွာ၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀ ကျေးရွာနေပြည်သူများ၏ လုပ်အားငွေအားထည့်ဝင်မှုဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏အဓိကလို အပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီ စီမံချက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် ထံမှသိရသည်။
ကိုမျိုး(ကျေးလက်)
