ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

Date : 10 July 2022

ပဲခူးမြို့နယ် ဘန့်ကွေးကုန်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီ ဖွဲ့စည်း ခြင်း ပြုလုပ်

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် VDPစီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဘန့်ကွေးကုန်းကျေးရွာ ဓမ္မာရုံ၌ကျင်းပပြု လုပ်ခဲ့ပါသည်။

            ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ  ဒေါ်ဝင်းစန္ဒာက VDPစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကိုချပြရှင်းလင်းခဲ့ပါသည်။

            ထို့နောက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသော ရပ်မိ၊ရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းနှင့် ပက်သက်သည့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းသိရှိရပါသည်။

အခြားသတင်းများ