၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကံရိုးကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း
Date : 29 June 2022
မြစ်သား ဇွန် ၂၆
၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၅) ရွာအနက် ကံရိုးကျေးရွာ၌ ၂၆.၆.၂၀၂၂ ရက်နေ့က မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်မှ VDP စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



