ရပ်စောက်မြို့နယ်ရှိ ကျေးရွာ(၄)၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
Date : 23 June 2022
ရပ်စောက်မြို့နယ်ရှိ ကျေးရွာ(၄)၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
======================================================================
ရပ်စောက် ဇွန်လ ၂၃ ရက်
===================
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင် ၊ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်းဝင် ကျေးရွာများဖြစ်သော ယမ်းတွင်းငါးကြာင်ကျေးရွာအုပ်စု ၊ဆတ်သေ(၈)ကျေးရွာ၊ ဆတ်သေ(၉ )ကျေးရွာ၊ဆတ်သေ(၅)ကျေးရွာနှင့် မြို့ဦး(၂ )ကျေးရွာများ၌ VDP စီမံကိန်း မိတ် ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့ စည်းခြင်းကို ယနေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ် ချက်များနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက အဆိုပါကျေးရွာများ၌ ဦးစီးဌာမှ အကောင်အထည် ဖော်ဆောက်ရွက်လျက်ရှိသည် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကြောင်းအရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များနှင့် (VDP) စီမံကိန်း ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကိုခုနှစ်ဦးဖြင့် တစ်ရွာချင်းစီအလိုက် အများသဘောဆန္ဒနှင့်အညီ မဲပေးရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ယခုဘဏ္ဍာနှစ်တွင် အဆိုပါကျေးရွာ(၄)ရွာအပါအဝင် စုစုပေါင်းကျေးရွာ(၁၈) ၌ တစ်ရွာလျှင်စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ကျေးရွာလူထုထည့်ဝင်ငွေများ လုပ်အားများ၊ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရပ်စောက်မြို့နယ်ဦးစီးမှူး ဦးရှေးရယ် ထံမှသိရသည်။
မောင်ခိုင်(ကျေးလက်)