ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

နမ့်စန်မြို့နယ် ယာဆောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

Date : 26 June 2022

နမ့်စန်မြို့နယ် ယာဆောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

======================================================================================================
နမ့်စန် ဇွန် ၂၆ ရက်
===============
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင် အထည်ဖော်ဆောင်ရွက်မည့် ယာဆောင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ နမ့်စန်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ နမ့်စန်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင် ခုနစ် ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
 
နမ့်စန်မြို့နယ်အတွင်း၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ယာဆောင်ကျေးရွာတွင်အပါအဝင် ကျေးရွာ ၁၃ ရွာ၌ စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၃၀၀၊ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာပြည်သူများကိုယ်တိုင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးဝင်းက ပြောပြ၍ သိရသည်။
 
 
 
 
 
 
 
 
 
                                                                                                                                                                                                                                                                  မောင်ခိုင်(ကျေးလက်)
 
 

အခြားသတင်းများ