ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း
Date : 22 June 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးသိုက်စိုး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ မြို့နယ်ဝန်ထမ်း(၇)ဦးတို့သည် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ့်ပီးကျေးရွာနှင့် စင်ကျိုင်း(အောက်)ကျေးရွာတို့အား ကျေးရွွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းအကြောင်းအရာမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအား (၁၈.၆.၂၀၂၂)ရက်နေ့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဇောင်းဒေါင်(ဟိုပန်)


