တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာသုံးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Date : 14 June 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအခြေအနေများကို ဇွန် ၁ရက် နံနက် ၉နာရီတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းနှင့် စီမံကိန်းဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် များ နှင့်အတူ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းပံ့ပိုးရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှု တို့ဖြင့် ဆောင်ရွက်ခဲ့သည့်အခြေအနေများကို ကျာထီးနားကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဝမ်ကောင်း မွန်ကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့်စမ်းလု(အောက်) ကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဆွေးနွေးမှာ ကြားသည်။
အဆိုပါ ကျာထီးနားကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၉၀၀၊အကျယ် ၁၀ပေ၊အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊ဝမ်ကောင်းမွန်ကျေးရွာ အရှည် ၂ မိုင် ရေပိုက်လိုင်းသွယ်တန်းခြင်း နှင့် ပါဆာကျေးရွာ အရှည် ၂ မိုင် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း၃၀၀၊ ကျေးရွာနေပြည်သူလုပ်အား၊ငွေအားတို့ဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းထံမှ သိရသည်။
သန်းလွင်(မကွေး)
