ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ရွှေဘိုမြို့နယ်တွင် (VDP)စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

Date : 15 December 2021

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာခြောက်ရွာ အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ()ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၄ ရက် ၊ နံနက် ပိုင်းက ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့် က အမှာစကားပြောကြားပြီး ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ()နှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက်သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း()ဆောင်ရွက်မည့်ကျေးရွာ ခြောက်ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရွှေဘိုခရိုင်
 

အခြားသတင်းများ