ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဆီဆိုင်မြို့နယ် ပြင်သာယာကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

Date : 18 June 2022

ဆီဆိုင်မြို့နယ် ပြင်သာယာကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
========================================================================
ဆီဆိုင် ဇွန်လ ၁၈ ရက်
=================
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို လွယ်ပွတ်ကျေးရွာအုပ်စု၊ ပြင်သာယာကျေးရွာ၌ ယနေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ​​ဒေါ်အိအိခင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ် ချက်များနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများက ပြင်သာယာကျေးရွာ၌ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊‌‌ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၇)ဦးကို အများသဘောဆန္ဒနှင့်အညီ မဲပေးရွေးချယ်ဖွဲ့စည်းခဲ့သည်။
 
ပြင်သာယာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ကျေးရွာလူထုထည့်ဝင်ငွေများ လုပ်အားများ၊ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ​ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များကို ကျေးရွာသူ/သားများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင် ထံမှသိရသည်။
 
 
 
 
 
 
 
 
 
                                                                                                                                                                                                                                                                              မောင်ခိုင်(ကျေးလက်)
 
 

အခြားသတင်းများ