မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ ဖော်ဆောင်နေမှု ကွင်းဆင်းကြည့်ရှု
Date : 25 March 2022
မိုင်းဖြတ်၊ ဒေသဖွံ့ဖြိုးရေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ရှိ မိုင်းဟဲအုပ်စု နမ့်ဟွေလုံ ကျေးရွာနှင့် ဝမ်လုံးအုပ်စု နားလီးကျေးရွာတို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ ဖော်ဆောင်ပေးလျှက်ရှိရာ မတ် ၂၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက် သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခင်မေလွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက နမ့်ဟွေလုံကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖော်ဆောင်ပေးသည့် လုပ်ငန်းများဖြစ်သော အလျား ၁၅ ပေ အနံ ၁၀ ပေ အမြင့် ၆ ပေရှိ ဂါလံ(၅၀၀၀)ဆန့် အုတ်ရေကန်တည်ဆောင်ခြင်းနှင့် ၂၈၅ ပေ အကျယ် ၁၀ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းကိုလည်းကောင်း၊ နားလီးကျေးရွာ၌ အလျား ၁၅ ပေ အနံ ၁၁ ပေ အမြင့် ၆ ပေရှိ ဂါလံ (၅၀၀၀)ဆန့် အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ၂ လက်မ PVC ရေပိုက် အလုံး ၁၀၀ တပ်ဆင်တွယ်တန်းနေခြင်းတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင် နမ့်ဟွေလုံကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖော်ဆောင်ပေးသည့် လုပ်ငန်း များကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ပြည်သူ့ထည့်ဝင်ငွေ ကျပ် ကျပ်သိန်း ၂၀ စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ဖြင့်လည်းကောင်း နားလီးကျေးရွာတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖော်ဆောင်ပေးသည့် လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ပြည်သူ့ထည့်ဝင်ငွေ ကျပ် ကျပ်သိန်း ၁၀ စုစုပေါင်း ငွေကျပ်သိန်း ၁၁၀ ဖြင့်လည်းကောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကြီးကြပ်ကူညီမှုဖြင့် ကျေးရွာလူထုကိုယ်တိုင် မတ်လ ပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
မောင်းအိုးစည်
