ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

Date : 22 April 2022

တာချီလိတ်၊ ဒေသဖွံ့ဖြိုးရေး

          ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေဖြင့် ကော့စီပီကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ပါဆာကျေးရွာ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဧပြီ ၁ ရက် နံနက် ၉ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းနှင့် စီမံကိန်း ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ နှင့်အတူ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ပံ့ပိုးရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်ငွေ တို့ဖြင့် ဆောင်ရွက်လျှက်ရှိသည့် ကော့စီပီကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ပါဆာ ကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

          အဆိုပါ ကော့စီပီကျေးရွာ ကျေးရွာတွင်း လမ်းအရှည် ပေ ၇၀၀ အကျာ် ၁၀ ပေ  အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပါဆာကျေးရွာ အရှည် ၂ မိုင် စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၂၀၀ နှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေ ကျပ် ၁၄ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ အနီးကပ်ကြီး ကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မတ် ၃၁ ရက်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းထံမှ သိရသည်။

မောင်းအိုးစည်

အခြားသတင်းများ