ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဖယ်ခုံမြို့နယ်၌ VDP စီမံကိန်း ကျေးရွာရွေးချယ်ပွဲ ကျင်းပ

Date : 10 May 2022

ဖယ်ခုံ မေ ၁၀

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖယ်ခုံမြို့နယ် ကျေးရွာ(၅)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးရွာရွေးချယ်ပွဲကို မေလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

                 ရှေးဦးစွာ ဖယ်ခုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးထွန်းရွှေ က အမှာစကား ပြောကြားသည်။

                 ဆက်လက်၍ ဖယ်ခုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စွာ မှ VDP စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

          ထို့နောက် ဖယ်ခုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ နှင့် တာဝန်ရှိသူများက VDPစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ခွီးတလုတ်ကျေးရွာ၊ သာယုကျေးရွာ၊ လပင်နွဲ့ကျေးရွာ၊ လပင်လုံကျေးရွာ နှင့် တဲနားကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၅)ရွာကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ