ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုင်းယောင်းမြို့နယ့်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ကျေးရွာများ ကွင်းဆင်းစစ်ဆေး

Date : 13 May 2022

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၁၆)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

          မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်း နှင့် စီမံကိန်းဝန်ထမ်းများ လိုက်ပါလျက် ၂၀၂၂ ခုနှစ် မေ ၁၂ ရက်တွင် တာပေါက်ကျေးရွာ၊ နောင်ယန်း ကျေးရွာနှင့် ဝမ်ရှဲန်းကျေးရွာနှင့် ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် စံပြကျေးရွာ၊ ရဲဘော်ဟောင်းကျေးရွာနှင့် နမ့်ငေါ့ကျေးရွာ ကျေးရွာ (၆)ရွာအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများရွေးချယ်ခြင်းများ ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

          ထို့နောက် အဆိုပါ ကျေးရွာများအနက် ကျေးရွာ ၅ ရွာတွင် ရွာတွင်းလမ်းကွင်းကရစ်ခင်းခြင်း လုပ်ငန်း ၇၀၀ ပေ ၁၂ ပေ ၆ လက်မ နှင့် စံပြကျေးရွာတွင် ရွာတွင်းလမ်းကွင်းကရစ်ခင်းခြင်း လုပ်ငန်း ၇၀၀ ပေ ၁၂ ပေ ၆ လက်မ နှင့် Box Cluvert တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး တိုင်းတာ ပေးခဲ့ကြောင်း သိရပါသည်။

CM (SO)

တာချီလိတ်ခရိုင်ကျေးလက်

အခြားသတင်းများ