ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုင်းယောင်းမြို့နယ့်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ကျေးရွာရွေးချယ်

Date : 13 May 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျေးရွာရွေးချယ်ပွဲကို မေ ၁၀ ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းယောင်းမြို့နယ် အတွင်း ကျေးရွာဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာ ၁၆ ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းကျေးရွာများ ရွေးချယ်ပေးရာတွင် အမှန်တကယ်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့် ကျေးရွာများကို ဦးစားပေး ရွေးချယ်စေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

          ထိုနောက် ကျေးရွာရွေးချယ်ပွဲတက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသည့် ကျေးရွာ ၁၆ ရွာကို အတည်ပြု ရွေးချယ် ပေးကြပါ သည်။

CM (SO)

တာချီလိတ်ခရိုင်ကျေးလက်

 

အခြားသတင်းများ