ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သပိတ်ကျင်းမြို့နယ်တွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး

Date : 14 February 2022

သပိတ်ကျင်း၊ ဒေသဖွံ့ဖြိုးရေး (မြဝတီ)

                 မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတွင် တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သန်း (၁၀၀) စီဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

               သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလ၌ မြို့နယ်အတွင်းရှိ ကိုးမိုင်ကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အုန်းပိုင်ကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကိုးပင်ကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပုတီးဖြူကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ တောင်တလုံးကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရေယာဉ်ကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၆၀၀)၊ ကျေးရွာလူထုတည့်ဝင်ငွေ ကျပ်သိန်း (၁၈၀)၊ စုစုပေါင်းငွေ ကျပ်သိန်း (၇၈၀) ဖြင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကိုပြည့်(ကျေးလက်)

အခြားသတင်းများ