ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

Date : 10 January 2022

သပိတ်ကျင်း၊ လမ်းပန်းဆက်သွယ်ရေး (မြဝတီ)

                မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်လျှက်ရှိသည့် အုန်းပိုင်ကျေးရွာနှင့် ပုတီးဖြူကျေးရွာတို့တွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီ (၉) ရက်၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

                  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် ဝန်ထမ်းများက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

                    အုန်းပိုင်ကျေးရွာတွင် အရှည်ပေ ၆၇၀၊ အကျယ် ၁၂ ပေ၊ ထု ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ပုတီးဖြူကျေးရွာတွင် အရှည် ၆၆၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၂၀၀)၊ ကျေးရွာပြည်သူလုပ်အားထည့်ဝင်ငွေများဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

                   သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို အုန်းပိုင်ကျေးရွာနှင့် ပုတီးဖြူကျေးရွာအပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖြိုးထက်အောင်

အခြားသတင်းများ