သပိတ်ကျင်းမြို့နယ်တွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး
Date : 26 December 2021
သပိတ်ကျင်း ဒီဇင်ဘာ ၂၆ (ညနေ (၁၈:၀၀) နာရီ၊ မြဝတီ ရုပ်/သံ)
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (၉) မိုင်ကျေးရွာနှင့် အုန်းပိုင်ကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၆၆၅' x ၁၂' x ၆") လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား (၂၅.၁၁.၂၀၂၁) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ အင်ဂျင်နီယာများမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကျေးရွာကော်မတီဝင်များအား မှာကြားခဲ့ပါသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)
