ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သပိတ်ကျင်းမြို့နယ် ကျေးရွာခြောက်ရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Date : 17 February 2022

သပိတ်ကျင်း ဖေဖော်ဝါရီ ၁၆ (ရတနာပုံ)

                         မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် သပိတ်ကျင်းမြို့နယ် ကျေရွာခြောက်ရွာ၌ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၀၀) စီဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယနေ့ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

                           ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလ၌ သပိတ်ကျင်းမြို့နယ်အတွင်း ကိုးမိုင်ကျေးရွာ၌ အရှည်ပေ ၆၆၅၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အုန်းပိုင်ကျေးရွာ၌ အရှည်ပေ ၆၆၅၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကိုးပင်ကျေးရွာ၌ အရှည်ပေ ၆၆၅၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပုတီးဖြူကျေးရွာ၌ အရှည်ပေ ၆၆၅၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ တောင်တလုံးကျေးရွာ၌ အရှည်ပေ ၆၆၅၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရေယာဉ်ကျေးရွာ၌ အရှည်ပေ ၆၆၅၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို VDP စီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၆၀၀)၊ ကျေးရွာလူထုထည့်ဝင်ငွေ ကျပ်သိန်း (၁၈၀)၊ စုစုပေါင်းငွေ ကျပ်သိန်း (၇၈၀) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

          ထိုသို့ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုပြည့်(ကျေးလက်)

အခြားသတင်းများ