ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဝါးခယ်မမြို့နယ် လေးအိမ်တန်းကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

Date : 22 April 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သော လေးအိမ်တန်းကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ                              

ဝါးခယ်မ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်(၇၇)မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစိမံကိန်း(VDP)ဖြင့်ဆောင်ရွက်သော လေးအိမ်တန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှုးဇော်နိုင်ဦး၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေ တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ယင်းနောက် လေးအိမ်တန်းကျေးရွာကွန်ကရစ်လမ်းသစ်အားလှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့‌ကြောင်းသိရသည်။အဆိုပါ သရွမြိုက်ကျေးရွာအုပ်စု၊လေးအိမ်တန်းကျေးရွာ ကွန်ကရစ်လမ်းသစ်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သရွက်မြိုက်ကျေးရွာအုပ်စု၊လေးအိမ်တန်းကျေးရွာ ကွန်ကရစ်လမ်းသစ်သည် အရှည် ၁၀၉၀ ပေ၊အကျယ် ၆ ပေ၊ထု ၆လက်မ ရှိပြီး ခွင့်ပြုငွေ  (၁၀၀)ကျပ်သိန်းနှင့်ပြည်သူထည့်ဝင်ငွေ(၃၀)ကျပ်သိန်း စုစုပေါင်း(၁၃၀)ကျပ်သိန်းကုန်ကျခံဆောင်ရါက်သည့် ကွန်ကရစ်လမ်းသစ် ဖြစ်ကြောင်း သိရသည်။

အခြားသတင်းများ