အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၁-၂၀၂၂ခု(၆)လပတ်ဘဏ္ဍာရေးနှစ်ကန်ကြီးထောင့်ကျေးရွာအုပ်စု၊ကုန်းစုကျေးရွာရှိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မီးလင်းရေးလုပ်ငန်းနှင့်ကြိုကုန်းကျေးရွာအုပ်စု၊ကျွန်းတောစုကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနား
Date : 27 March 2022
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ကျွန်းတောစုကျေးရွာတွင်(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကိုယနေ့နံနက်၁၀နာရီတွင်ကျင်းပသည်။
ကွန်ကရစ်လမ်းဖွင့်ပွဲကိုမြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးသင်းဦးအိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းဇော်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကောင်းမြတ်စံတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ကျွန်းတောစုကျေးရွာတွင်းကွန်ကရစ်လမ်းမှာသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၁-၂၀၂၂ခြောက်လဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။