ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုးကုတ်မြို့နယ်၊ နန်းနွဲ့ကျေးရွာ၌ ကတ္တရာလမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

Date : 11 March 2022

မိုးကုတ် မတ် ၁၁

             မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် နန်းနွဲ့ကျေးရွာ၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မတ် (၁၀) ရက်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

             အဆိုပါ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၁၀၀)၊ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း (၂၀၀) ဖြင့် အရှည်ပေ (၁၂၀၀)၊ အကျယ် (၁၂) ပေ၊ အမြင့် (၉) လက်မ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မတ် (၁၀) ရက်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောပြ၍ သိရသည်။

             နန်းနဲ့ကျေးရွာတွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် အိမ်ခြေ (၈၇)၊ လူဦးရေ (၅၂၅) ဦးတို့အတွက် ရာသီမရွေး သွားလာရေး အဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)

အခြားသတင်းများ