ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်
Date : 08 August 2021
ပြင်ဦးလွင် ဩဂုတ် ၈ (မြဝတီရုပ်/သံ၊ မြဝတီသတင်းစာ)
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ညောင်ပေါကျေးရွာ၊ လယ်မကျေးရွာနှင့် ပိန္နဲကုန်း(တောင်)ကျေးရွာတို့၌ ဩဂုတ်လ (၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးထိုက်နှင့် တာန်ခံဝန်ထမ်းများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
မင်းမြင့်မိုရ်


