ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

စဉ့်ကူးမြို့ ကျေးရွာ (၁၅) ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်

Date : 10 March 2020

စဉ့်ကူး မတ် ၉ (မြန်မာ့အလင်း)

       မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာ (၁၅) ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

                    အဆိုပါစီမံကိန်း၏ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်ရေးဆွဲဖော်ထုတ်နိုင်ရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန်ဟူ၍ဖြစ်သည်။

                 စီမံကိန်း၏ ရည်ရွယ်ချက်၊ အကောင်အထည်ဖော်သည့်နည်း၊ လမ်း စသည်တို့ကို ရှင်းလင်းစွာ သိရှိနားလည်စေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနိုင်ရန် ရည်ရွယ်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်တွင် သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၅) ရွာမှ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ကြောင်း သိရသည်။

မင်းမြင့်မိုရ်

အခြားသတင်းများ