ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများ ရွေးချယ်

Date : 15 November 2020

စဉ့်ကူး နိုဝင်ဘာ ၁၄ (မန္တလေးနေ့စဉ်)

                  မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းကို နိုဝင်ဘာ (၁၁) ရက်၊ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

            အဆိုပါအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများကို စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပေးခဲ့ကြသည်။

               စဉ့်ကူးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာ (၁၅) ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ (၂) ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုကိုဦးထံက သိရသည်။

မင်းမြင့်မိုရ်

အခြားသတင်းများ