ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP Database System အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချခြင်း
Date : 27 January 2022
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်း၍ VDP Database System အသုံးပြုနည်းသင်တန်းကို တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီဌာနမှ VDP တာဝန်ခံ(၃၆၉)ဦးအား Video Conferencing စနစ်ဖြင့် (၂၁.၁.၂၀၂၂) ရက်နေ့မှ (၂၆.၁.၂၀၂၂)ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၁.၁.၂၀၂၂)ရက်နေ့တွင် ဖွင့်လှစ်ပြီး ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် VDP နှင့်စပ်လျဉ်းပြီး Data အချက် အလက်များ၊ ကျေးရွာဖွံ့ဖြိုးရေးစာအုပ်များ၊ သတင်းများအား VDP Website တွင် ဖော်ပြရာတွင် လွယ်ကူစွာရေးသွင်းနိုင်ရန်အတွက် သင်တန်းပို့ချရခြင်းဖြစ်ကြောင်း၊ မိမိတို့ ရေးသွင်းထားသည့် Data အချက်အလက်များသည် မှန်ကန်တိကျရန်လိုကြောင်း၊ VDP Website အား အများ ပြည်သူ ဝင်ရောက်ကြည့်ရှုရာတွင် မြေပြင်တွင်အမှန်တကယ် ဆောင်ရွက်ထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် အတိုင်းအတာများအား ဖော်ပြနိုင်ရန်ဖြစ်ကြောင်း ပြောကြားပါသည်။
သင်တန်းအား (၂၁.၁.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ် VDP တာဝန်ခံများအားလည်းကောင်း၊ (၂၄.၁.၂၀၂၂)ရက်နေ့တွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ် VDP တာဝန်ခံများအား လည်းကောင်း၊ (၂၅.၁.၂၀၂၂)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြိုနယ် VDP တာဝန်ခံများအားလည်းကောင်း၊ (၂၆.၁.၂၀၂၂) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ် VDP တာဝန်ခံများအားလည်းကောင်း၊ အသီးသီး နေ့ရက်အလိုက် ဖွင့်လှစ်ပို့ချခဲ့ပါသည်။



