ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု ၅၀ရာခိုင်နှုန်းပြီးစီးမှု

Date : 26 January 2022

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ

အကောင်အထည်ဖော်ဆောင်ရွက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

 

မိုင်းဆတ် ဇန်နဝါရီ ၂၅

         

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ကျေးရွာခြောက်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်းသိရသည်။

          မိုင်းဆတ်မြို့နယ်ရှိ ဟားကွယ်ကျေးရွာ၊ ပန်ခိုက်ကျေးရွာ၊ မယ်မိုကျေးရွာ၊နောင်လျန်ကျေးရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်ခြောက်လတွင်  တစ်ရွာလျှင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ ပြည်သူထည့်ဝင်ငွေများဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးကြောင်းသိရသည်။

          “ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းတွေကို မိုင်းဆတ်မြို့နယ် က ကျေးရွာခြောက်ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ကျေးရွာတွေရဲ့ ပကတိလိုအပ် ချက်တွေ ကို ကျေးရွာသူ၊ကျေးရွာသားတွေကိုယ်တိုင် စီမံချက်ရေးဆွဲပြီးတော့ ဦးစားပေးအစီအစဉ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ဌာနကဝန်ထမ်းတွေရဲ့ နည်းပညာပံ့ပိုးမှုကျေးရွာစီမံကိန်းကော်မတီဝင်များရဲ့ အနီး ကပ်ကြီးကြပ်မှုနဲ့စီမံကိန်းလုပ်ငန်းတွေကို ကျေးရွာသူ၊ကျေးရွာသားတွေကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက် နေပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးကပြောသည်။

          မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေ သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများမှာ ဟားကွယ်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ပန်ခိုက်ကျေးရွာ၊ မယ်မိုကျေးရွာ၊တာစုကျေးရွာ၊ နောင်ဖာကျေးရွာတို့တွင် ဘတ်စုံသုံးခန်းမတည်ဆောက်ခြင်း၊နောင်လျန်ကျေးရွာတွင် ရေစုကန်တည်ဆောက်ခြင်းနှင့် ရေပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်းများဖြစ်ကြောင်း လုပ်ငန်းများကို အရည်အသွေးပြည့်မီအရေးကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အခြားသတင်းများ