မြောင်းမြမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ကျေးရွာ ၂၉ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည်
Date : 21 January 2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် VDPစီမံကိန်းအတွက် စီမံကိန်းရေးဆွဲနည်းသင်တန်းကို မြောင်းမြမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ COVID-19 လမ်းညွှန်ချက်နှင့်အညီ ယမန့်နေ့နံနက်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာ(၁)ရွာလျှင် ငွေကျပ် သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာ(၂၉)ရွာအတွက် ငွေကျပ်သိန်း(၂၉၀၀)ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ကျေးရွာVDPစီမံကိန်းကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။