ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မကွေးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ကျေးရွာ ၂၀ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

Date : 23 April 2026

မကွေးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ကျေးရွာ ၂၀ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် =========================================================================================================== မကွေး ဧပြီ ၂၃ ============== မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၆)မြို့နယ်မှ ကျေးရွာ ၂၀ရွာတွင်၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၃၀၀၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ၊ လုပ်အားများဖြင့် ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါကျေးရွာ ၂၀ ရွာမှာ ချောက်မြို့နယ်မှ မိုလာကျေးရွာ၊ ရေနံချောင်းမြို့နယ်မှ တောင်ရှားတောကျေးရွာ၊ မကွေးမြို့နယ်မှ ပုထိုးစမ်းကျေးရွာ နှင့် လယ်ယား(တ)ကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်မှ ချင်းကုန်းကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာ၊ မြို့သစ်မြို့နယ်မှ ကိုရံ(တ)ကျေးရွာ နှင့် ကံဆွယ်ကျေးရွာ၊ မင်းဘူးမြို့နယ်မှ ကုန်းတန်းကျေးရွာ နှင့် ကမ်းနီကျေးရွာ၊ ပွင့်ဖြူမြို့နယ်မှ ရွှေဘိုရွာသစ်ကျေးရွာ၊ စလင်းမြို့နယ်မှ အုတ်ဖိုကန်ကျေးရွာ၊ ငဖဲမြို့နယ်မှ သာစည်ကျေးရွာ၊ စေတုတ္တရာမြို့နယ်မှ အောက်ပုံကျေးရွာ၊ သရက်မြို့နယ်မှ ပေါက်ပင်ကျေးရွာ၊ ကံမမြို့နယ်မှ ဇီးတောကျေးရွာ၊ မင်းတုန်းမြို့နယ်မှ တံတား(ရွာမ)ကျေးရွာ၊ မင်းလှမြို့နယ်မှ ဥယျာဉ်ကျေးရွာ၊ အောင်လံမြို့နယ်မှ ဘို့လည်(မြစ်နား)ကျေးရွာ၊ ဆင်ပေါင်ဝဲမြို့နယ်မှ သမန်းကြီးကျေးရွာ တို့ဖြစ်ပြီး ယခုအချိန်တွင် ကျေးရွာများ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ " အဆိုပါ VDP စီမံကိန်းမှာ ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကိုမိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင်ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီးနှစ်စဥ် VDPစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေးအစရှိသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း" မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇောဟိန်း ကပြောပြသည်။

အခြားသတင်းများ